အထောက်အကူပြုပစ္စည်းများ / Aids and equipment
Downloads
အထောက်အကူပစ္စည်းများနှင့် ကိရိယာများသည် နေ့စဉ်လုပ်ဆောင်မှုများကို ပိုမိုလွယ်ကူစေရန် သင့်ကို ကူညီနိုင်ပါသည်။ ၎င်းတို့တွင် ဘီးတပ်ကုလားထိုင်နှင့် စကူတာများ၊ အကြားအာရုံ သို့မဟုတ် အမြင်အာရုံဆိုင်ရာ အထောက်အကူပစ္စည်းများ၊ ကျန်းမာရေးစောင့်ရှောက်မှု ကိရိယာများ၊ ဝန်ဆောင်မှုပေးသော တိရစ္ဆာန်များနှင့် ပိုမိုကောင်းမွန်စွာ ဆက်သွယ်ပြောဆိုနိုင်ရန် ကူညီပေးမည့် အရာများ ပါဝင်နိုင်သည်။
ဤကဏ္ဍတွင် ဝန်ဆောင်မှုများနှင့် အချက်အလက်များအတွက် လင့်ခ်များကို ပေးထားသည်-
ယေဘုယျ ပစ္စည်းကိရိယာ အစီအစဉ်များနှင့် ဝန်ဆောင်မှုများ
ပစ္စည်းကိရိယာများပံ့ပိုးပေးသော အစိုးရအဖွဲ့အစည်းနှင့် အစီအစဉ်များ
ဆက်သွယ်ရေးအထောက်အကူပစ္စည်းများနှင့် ဝန်ဆောင်မှုများ
သင်ကြားမှု သို့မဟုတ် အမြင်၊အပြော၊အကြားဆိုင်ရာအခက်အခဲများတွင် သင့်ကိုအကူအညီပေးမည့် ကိရိယာများ
အထောက်အကူပြု တိရိစ္ဆာန်များနှင့်ပတ်သက်သော အစိုးရသတင်းအချက်အလက်များနှင့် အဖွဲ့အစည်းများ။
အဆက်အသွယ်မပြတ်ရှိစေရန် နည်းပညာအသုံးပြုခြင်း
သင့်စက်ပစ္စည်းများအား အကောင်းဆုံးအသုံးချနိုင်ရန် နည်းပညာအသုံးပြုပုံနှင့်ပတ်သက်သော သတင်းအချက်အလက်များနှင့် သင်တန်းများ
3.1 အထွေထွေ ပစ္စည်းကိရိယာ အစီအစဉ်များနှင့် ဝန်ဆောင်မှုများ
သွားလာရေး ပိုမိုလွယ်ကူစေရန် ပစ္စည်းကိရိယာဆိုင်ရာ အကူအညီများ ပေးအပ်ခြင်းအပေါ် အထူးပြုထားသည့် လုပ်ဆောင်ချက်များ ရှိပါသည်။ ၎င်းသည် ဘဏ္ဍာရေးအထောက်အပံ့၊ဝန်ဆောင်မှုများနှင့် ထုတ်ကုန်အနေနှင့် ဖြစ်နိုင်ပါသည်။ ဥပမာများအားဖြင့် လှည့်ပတ်သွားလာရန် ဘီးတပ်ကုလားထိုင်များ၊ မောင်းနှင်နိုင်ရန် မော်တော်ယာဉ် ချိန်ညှိစရာများနှင့် သင့်ကို မ တင်ပေးနိုင်သည့် အထောက်အကူပြု ကိရိယာများ ပါဝင်သည်။
သင်၏ ပြည်နယ်သို့မဟုတ် နယ်မြေအတွင်း ရရှိနိုင်သည်များကိုရှာဖွေပါ
သင့်ပြည်နယ် သို့မဟုတ် နယ်မြေတွင် ရရှိနိုင်သည်များကို အင်္ဂလိပ်ဘာသာဖြင့် ရှာဖွေရန် ဤနေရာရှိ မြေပုံ သို့မဟုတ် ခလုတ်များကို အသုံးပြုပါ။
3.2 ဆက်သွယ်ရေးအထောက်အကူပစ္စည်းများနှင့်ဝန်ဆောင်မှုများ
သင်သည် မြင်နိုင်ခြင်း၊ ကြားနိုင်ခြင်း၊ နားလည်နိုင်ခြင်း သို့မဟုတ် ပြောဆိုနိုင်ခြင်းတို့တွင် ပြဿနာများရှိနေသည်ဖြစ်ပါက ဆက်သွယ်ပြောဆိုနိုင်ရန် ကူညီပေးမည့် နည်းပညာအမျိုးမျိုး ရရှိနိုင်ပါသည်။
သင်၏ ပြည်နယ်သို့မဟုတ် နယ်မြေအတွင်း ရရှိနိုင်သည်များကိုရှာဖွေပါ
သင့်ပြည်နယ် သို့မဟုတ် နယ်မြေတွင် ရရှိနိုင်သည်များကို အင်္ဂလိပ်ဘာသာဖြင့် ရှာဖွေရန် ဤနေရာရှိ မြေပုံ သို့မဟုတ် ခလုတ်များကို အသုံးပြုပါ။
3.3 အထောက်အကူပြုတိရိစ္ဆာန်များ
အထောက်အကူပြု တိရစ္ဆာန် (ခွေး သို့မဟုတ် အခြားတိရစ္ဆာန်) တစ်ကောင်သည် အမြင်အာရုံ သို့မဟုတ် အကြားအာရုံဆုံးရှုံးခြင်း၊ အခြားသော ကိုယ်ခန္ဓာဆိုင်ရာ မသန်စွမ်းမှုများ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ မသန်စွမ်းမှုများကဲ့သို့သော မသန်စွမ်းမှုရှိပါက သင့်ကို အကူအညီပေးနိုင်ပါသည်။ အထောက်အကူပြု တိရစ္ဆာန်များသည်လူတစ်ဦး၏ မသန်စွမ်းမှုအရ သက်ရောက်မှုများကို လျှော့ချရန် အထူးလေ့ကျင့်ပေးထားပြီး၊ 1992ခုနှစ် မသန်စွမ်းသူများ ခွဲခြားဆက်ဆံမှု ဥပဒေအရ အသိအမှတ်ပြုထားကာ အများပြည်သူသုံး နေရာဌာနများသို့ အပြည့်အဝ ဝင်ရောက်ခွင့် ပေးရမည်ဖြစ်သည်။ အထောက်အကူပြု တိရစ္ဆာန်များကို ထိန်းချုပ်သည့် စည်းမျဉ်းစည်းကမ်းဆိုင်ရာ အစီအစဉ်များသည် ပြည်န နှင့် နယ်မြေအစိုးရများ၏ တာဝန်ဖြစ်သည်။
သင်၏ ပြည်နယ်သို့မဟုတ် နယ်မြေအတွင်း ရရှိနိုင်သည်များကိုရှာဖွေပါ
သင့်ပြည်နယ် သို့မဟုတ် နယ်မြေတွင် ရရှိနိုင်သည်များကို အင်္ဂလိပ်ဘာသာဖြင့် ရှာဖွေရန် ဤနေရာရှိ မြေပုံ သို့မဟုတ် ခလုတ်များကို အသုံးပြုပါ။
3.4 အဆက်အသွယ်မပြတ်ရှိစေရန် နည်းပညာအသုံးပြုခြင်း
ဆက်သွယ်မှုမပြတ်စေရန် နည်းပညာအသုံးပြုပုံကို သင်ယူရာတွင် သင့်ကို ကူညီရန် ဝန်ဆောင်မှုများနှင့် သင်တန်းများ ရရှိနိုင်ပါသည်။
သင်၏ ပြည်နယ်သို့မဟုတ် နယ်မြေအတွင်း ရရှိနိုင်သည်များကိုရှာဖွေပါ
သင့်ပြည်နယ် သို့မဟုတ် နယ်မြေတွင် ရရှိနိုင်သည်များကို အင်္ဂလိပ်ဘာသာဖြင့် ရှာဖွေရန် ဤနေရာရှိ မြေပုံ သို့မဟုတ် ခလုတ်များကို အသုံးပြုပါ။