အလုပ်အကိုင် / Employment

Downloads

အလုပ်ရှာဖွေရန်နှင့် ထိန်းသိမ်းထားနိုင်ရန် ကျွမ်းကျင်မှုနှင့် ယုံကြည်မှုများ ရရှိစေရန် ကူညီပေးမည့် အထောက်အပံ့များနှင့် ဝန်ဆောင်မှုများ ရရှိနိုင်ပါသည်။ ပွင့်လင်းသော ပတ်ဝန်းကျင်တွင်ဖြစ်စေ၊ အထောက်အပံ့ပေးသော ပတ်ဝန်းကျင်တွင်ဖြစ်စေ အဓိပ္ပာယ်ပြည့်ဝသော အလုပ်များကို လုပ်ကိုင်နိုင်ရန် သင့်ကို ကူညီပေးနိုင်သည့် အထောက်အပံ့များ ရှိပါသည်။

ဤကဏ္ဍတွင် ဝန်ဆောင်မှုများနှင့် အချက်အလက်များအတွက် လင့်ခ်များကို ပေးထားသည်-

အလုပ်အကိုင်သင်တန်း

ကျွမ်းကျင်မှုအသစ်များ သင်ယူရန် လုပ်ငန်းအတွေ့အကြုံနှင့် သင်တန်းဘာသာရပ်များ

အလုပ်အကိုင်ရှာဖွေခြင်းနှင့် ထိမ်းသိမ်းခြင်း

သင်အလုပ်စလုပ်သည်ဖြစ်စေ အလုပ်ပြောင်းသည်ဖြစ်စေ အလုပ်တစ်ခုရှာဖွေရန်အကူအညီ

သင်၏အလုပ်အကိုင်အခွင့်အရေး

သင်၏ အလုပ်တွင် မည်သည့်အခွင့်အရေးများရှိပြီး ခွဲခြားဆက်ဆံခြင်းကိုမည်သို့ ရင်ဆိုင်မည်နည်း

2.1 အလုပ်အကိုင်သင်တန်း 

အလုပ်လုပ်ရန်အတွက် အဆင်သင့်ဖြစ်စေရန် သင့်ကို အထောက်အပံ့ပေးသည့် အခွင့်အလမ်းများ ရရှိနိုင်ပါသည်။ ကျွမ်းကျင်မှုအသစ်များ သင်ယူရန် သို့မဟုတ် သင်လက်ရှိပိုင်ဆိုင်ထားပြီးသော ကျွမ်းကျင်မှုများကို တိုးမြှင့်ရန် သင်တန်းများ တက်ရောက်နိုင်ပါသည်။ ၎င်းသည်အလုပ်တခုရှာဖွေရန်နဲ့ထိမ်းသိမ်းရန်သင့်ကိုကူညီနိုင်ပါသည်။

သင်၏ ပြည်နယ်သို့မဟုတ် နယ်မြေအတွင်း ရရှိနိုင်သည်များကိုရှာဖွေပါ

သင့်ပြည်နယ် သို့မဟုတ် နယ်မြေတွင် ရရှိနိုင်သည်များကို အင်္ဂလိပ်ဘာသာဖြင့် ရှာဖွေရန် ဤနေရာရှိ မြေပုံ သို့မဟုတ် ခလုတ်များကို အသုံးပြုပါ။

2.2 အလုပ်တစ်ခုရှာဖွေခြင်းနှင့်ထိမ်းသိမ်းခြင်း 

အဓိပ္ပါယ်ပြည့်ဝသည့် အလုပ်အကိုင်တစ်ခုရှာဖွေရန်နှင့် ထိမ်းသိမ်းထား ရန်အခက်အခဲရှိနိုင်ပါသည်။ သင်သည် အနားယူပြီးမှအလုပ်ပြန်လုပ်သူ သို့မဟုတ် လုပ်ငန်းခွင်မှာ အသစ်တစ်ဦး ဖြစ်နိုင်ပါသည်။ သင်သည် မတူညီသော လမ်းကြောင်းတစ်ခုကို ရွေးချယ်လိုခြင်း သို့မဟုတ် အလုပ်အကိုင်အသစ်တစ်ခုကို ရှာဖွေလိုခြင်းဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ သင့်အခြေအနေ ပြောင်းလဲလာသည်နှင့်အမျှ သင်လိုအပ်နိုင်သည့် အထောက်အပံ့များနှင့် ဝန်ဆောင်မှုများလည်း ပြောင်းလဲသွားပါသည်။

သင်၏ ပြည်နယ်သို့မဟုတ် နယ်မြေအတွင်း ရရှိနိုင်သည်များကိုရှာဖွေပါ

သင့်ပြည်နယ် သို့မဟုတ် နယ်မြေတွင် ရရှိနိုင်သည်များကို အင်္ဂလိပ်ဘာသာဖြင့် ရှာဖွေရန် ဤနေရာရှိ မြေပုံ သို့မဟုတ် ခလုတ်များကို အသုံးပြုပါ။

2.3 သင်၏အလုပ်အကိုင်အခွင့်အရေးများ 

မသန်စွမ်းသူများသည် ခွဲခြားဆက်ဆံမှုကင်းပြီး အန္တရာယ်ကင်းသည့် ပတ်ဝန်းကျင်တွင် အဓိပ္ပါယ်ပြည့်ဝသောအလုပ်တခုကို လုပ်ကိုင်ရန်အခွင့်အရေးရှိပါသည်။ အဖွဲ့ရှိ လူတိုင်းနည်းတူ တူညီသော အခွင့်အလမ်းများကို သင်ရယူပိုင်ခွင့်ရှိသည်။ ဝန်ထမ်းတစ်ဦးနှင့် လုပ်ဖော်ကိုင်ဖက်တစ်ဦးအနေဖြင့် သင်သည် တရားမျှတသော ဆက်ဆံမှုနှင့်အတူ လုပ်ငန်းခွင်အတွင်း အထောက်အပံ့များကို ရရှိရန် ထိုက်တန်ပါသည်။

သင်၏ ပြည်နယ်သို့မဟုတ် နယ်မြေအတွင်း ရရှိနိုင်သည်များကိုရှာဖွေပါ

သင့်ပြည်နယ် သို့မဟုတ် နယ်မြေတွင် ရရှိနိုင်သည်များကို အင်္ဂလိပ်ဘာသာဖြင့် ရှာဖွေရန် ဤနေရာရှိ မြေပုံ သို့မဟုတ် ခလုတ်များကို အသုံးပြုပါ။