နေ့စဉ်နေထိုင်မှု / Everyday living
Downloads
သန့်ရှင်းရေးလုပ်ခြင်း၊ ဈေးဝယ်ခြင်း၊ ချက်ပြုတ်ခြင်းနှင့် အိမ်မှုကိစ္စများကဲ့သို့သော နေ့စဉ်လုပ်ငန်းဆောင်တာများတွင် သင်အကူအညီလိုအပ်နိုင်ပါသည်။ သင်၏ အမှီအခိုကင်းစွာ နေထိုင်နိုင်မှုကို ထိန်းသိမ်းထားနိုင်ရန် ကူညီပေးနိုင်သော အထောက်အပံ့များနှင့် ဝန်ဆောင်မှုများ ရှိပါသည်။
ဤကဏ္ဍတွင် ဝန်ဆောင်မှုများနှင့် အချက်အလက်များအတွက် လင့်ခ်များကို ပေးထားသည်-
သန့်ရှင်းရေးလုပ်ခြင်းနှင့်အိမ်မှုကိစ္စများ
အိမ်မှုကိစ္စများတွင် သင့်ကိုကူညီပေးမည့် အစီအစဉ်များနှင့်အဖွဲ့အစည်းများ
အင်တာနက်မှဖြစ်စေ၊ ကိုယ်တိုင်ဖြစ်စေ၊ သင်လိုအပ်သည်များကို ဝယ်ယူရန်အကူအညီ
အစားအစာ ပို့ဆောင်ခြင်းနှင့် ပြင်ဆင်ခြင်း ဝန်ဆောင်မှုများ
သင့်ထံသို့ အစားအစာများ ပို့ဆောင်ပေးခြင်း သို့မဟုတ် ပြင်ဆင်ရာတွင် ကူညီပေးသည့် ဝန်ဆောင်မှုများ
သင့်အား အမှီအခိုကင်းစွာ နေထိုင်နိုင်စေရန်ကူညီသည့် ကျွမ်းကျင်မှုများ မြှင့်တင်ပေးမည့် အစီအစဉ်များနှင့် ဝန်ဆောင်မှုများ
7.1 သန့်ရှင်းရေးလုပ်ခြင်းနှင့် အိမ်မှုကိစ္စများ
တစ်ခါတစ်ရံတွင် သင်အလိုရှိသည့်အတိုင်း သင့်အိမ်ကို သန့်ရှင်းပြီး ဘေးကင်းအောင်ထားရန် ခက်ခဲနိုင်သည်။ အိမ်တွင် သက်သောင့်သက်သာ ဆက်လက်နေထိုင်နိုင်ရန် သန့်ရှင်းရေးနှင့် နေ့စဉ်အိမ်မှုကိစ္စများတွင် အကူအညီလိုအပ်ကောင်းလိုအပ်နိုင်သည်။ အဆိုပါအလုပ်များကို သင့်အား ကူညီရန် အဖွဲ့အစည်းပေါင်းများစွာ ရှိပါသည်။
သင်၏ ပြည်နယ်သို့မဟုတ် နယ်မြေအတွင်း ရရှိနိုင်သည်များကိုရှာဖွေပါ
သင့်ပြည်နယ် သို့မဟုတ် နယ်မြေတွင် ရရှိနိုင်သည်များကို အင်္ဂလိပ်ဘာသာဖြင့် ရှာဖွေရန် ဤနေရာရှိ မြေပုံ သို့မဟုတ် ခလုတ်များကို အသုံးပြုပါ။
7.2 ဈေးဝယ်ထွက်ခြင်းအကူအညီ
သင်၏ နေ့စဉ်လိုအပ်ချက်များကို စီစဉ်ရာတွင် ကူညီရန်၊ စတိုးဆိုင်သို့ သွားရောက်ရာတွင် ကူညီရန်နှင့် သင်ဈေးဝယ်ထွက်နေစဉ် လိုက်ပါပေးရန် အကူအညီများ ရရှိနိုင်ပါသည်။
သင်၏ ပြည်နယ်သို့မဟုတ် နယ်မြေအတွင်း ရရှိနိုင်သည်များကိုရှာဖွေပါ
သင့်ပြည်နယ် သို့မဟုတ် နယ်မြေတွင် ရရှိနိုင်သည်များကို အင်္ဂလိပ်ဘာသာဖြင့် ရှာဖွေရန် ဤနေရာရှိ မြေပုံ သို့မဟုတ် ခလုတ်များကို အသုံးပြုပါ။
7.3 အစားအစာ ပို့ဆောင်ခြင်းနှင့် ပြင်ဆင်ခြင်း ဝန်ဆောင်မှုများ
တစ်ခါတစ်ရံတွင် အစားအစာစီစဉ်ရန်နှင့် ချက်ပြုတ်ရန် ခက်ခဲနိုင်ပါသည်။ သင့်တံခါးဝအထိ ပို့ဆောင်ပေးသောအသင့်ပြင်ဆင်ပြီးသား အစားအစာများကို မှာယူခြင်းက ပိုမိုလွယ်ကူသည်ကို သင်တွေ့ရှိနိုင်ပါသည်။ သင့်အိမ်သို့ ပံ့ပိုးကူညီသူများ လာရောက်၍ သင့်အစားအစာများကို စီစဉ်ပြင်ဆင်ရာတွင် ကူညီပေးနိုင်သည့် အဖွဲ့အစည်းများစွာလည်း ရှိပါသည်။
သင်၏ ပြည်နယ်သို့မဟုတ် နယ်မြေအတွင်း ရရှိနိုင်သည်များကိုရှာဖွေပါ
သင့်ပြည်နယ် သို့မဟုတ် နယ်မြေတွင် ရရှိနိုင်သည်များကို အင်္ဂလိပ်ဘာသာဖြင့် ရှာဖွေရန် ဤနေရာရှိ မြေပုံ သို့မဟုတ် ခလုတ်များကို အသုံးပြုပါ။
7.4 ဘဝတွက်တာ ကျွမ်းကျင်မှုများ
မသန်စွမ်းသူများအတွက် ကိုယ်ပိုင်ရပ်တည်နိုင်မှုနှင့် ဘဝအရည်အသွေးကို မြှင့်တင်ပေးနိုင်သည့် စွမ်းရည်များ တည်ဆောက်ရန် ကူညီပေးနိုင်သော အစီအစဉ်များစွာ ရှိပါသည်။ ၎င်းတို့တွင် ဘဝတူချင်း ပံ့ပိုးကူညီရေးအဖွဲ့များ၊ အွန်လိုင်းပံ့ပိုးကူညီရေးလူမှုအဖွဲ့များ၊ လူကိုယ်တိုင် အလုပ်ရုံဆွေးနွေးပွဲများ သို့မဟုတ် တစ်ဦးချင်း ကျွမ်းကျင်မှုသင်တန်းများ ပါဝင်ပါသည်။
သင်၏ ပြည်နယ်သို့မဟုတ် နယ်မြေအတွင်း ရရှိနိုင်သည်များကိုရှာဖွေပါ
သင့်ပြည်နယ် သို့မဟုတ် နယ်မြေတွင် ရရှိနိုင်သည်များကို အင်္ဂလိပ်ဘာသာဖြင့် ရှာဖွေရန် ဤနေရာရှိ မြေပုံ သို့မဟုတ် ခလုတ်များကို အသုံးပြုပါ။