အပန်းဖြေခြင်း / Leisure

Downloads

အပန်းဖြေလှုပ်ရှားမှုများသည် သင့်ကျန်းမာရေးနှင့် ပျော်ရွှင်မှုကို မြှင့်တင်ပေးနိုင်သလို သူငယ်ချင်းအသစ်များလည်း ရရှိစေနိုင်ပါသည်။ အပန်းဖြေခြင်းတွင် အားကစား၊ ရပ်ရွာလှုပ်ရှားမှုများ၊ အနုပညာနှင့် ယဉ်ကျေးမှု၊ ပွဲလမ်းသဘင်များနှင့် ခရီးသွားလာခြင်းတို့ ပါဝင်နိုင်သည်။

ဤကဏ္ဍတွင် ဝန်ဆောင်မှုများနှင့် အချက်အလက်များအတွက် လင့်ခ်များကို ပေးထားသည်-

ယှဉ်ပြိုင်မှုအားကစားနှင့် အပန်းဖြေအားကစား

မသန်းစွမ်းသူများအတွက် အားကစားအဖွဲ့များနှင့်အစီအစဉ်များ

ရပ်ရွာအစီအစဉ်များ

သင်၏ရပ်ရွာအတွင်း အပန်းဖြေဆောင်ရွက်မှုများ

အားလပ်ရက်များနှင့် အပြင်ထွက်လည်ခြင်းများ

မသန်စွမ်းသူများကို ပံ့ပိုးပေးသော ခရီးသွားကုမ္ပဏီများ၊ နေရာများနှင့် ပွဲလမ်းသဘင်များ

လူမှုဘဝ

လူမှုရေးဆောင်ရွက်ချက်များ၊ လူမှုအဆက်အသွယ်များအား ထိမ်းသိမ်းခြင်းနှင့်လူမှုဆက်ဆံရေးကျွမ်းကျင်မှုမြှင့်တင်ရေး

9.1 ယှဉ်ပြိုင်မှုအားကစားနှင့် အပန်းဖြေအားကစား 

ဩစတြေးလျတွင်မသန်စွမ်းသူများအတွက် ပါဝင်ဆင်နွှဲနိုင်သော အားကစားအခွင့်အလမ်းများစွာရှိပါသည်။ ၎င်းတို့သည် ပြိုင်ဆိုင်မှုပြင်းထန်သော ထိပ်တန်းအားကစားသမား အစီအစဉ်များမှအစပြု၍ ရပ်ရွာအားကစားနှင့် အပန်းဖြေခြင်းအထိ ကျယ်ပြန့်ပါသည်။

သင်၏ ပြည်နယ်သို့မဟုတ် နယ်မြေအတွင်း ရရှိနိုင်သည်များကိုရှာဖွေပါ

သင့်ပြည်နယ် သို့မဟုတ် နယ်မြေတွင် ရရှိနိုင်သည်များကို အင်္ဂလိပ်ဘာသာဖြင့် ရှာဖွေရန် ဤနေရာရှိ မြေပုံ သို့မဟုတ် ခလုတ်များကို အသုံးပြုပါ။

9.2 ရပ်ရွာအစီအစဉ်များ 

ရပ်ရွာထဲသို့ ထွက်လည်ခြင်းသည် စိတ်ဝင်စားစရာအသစ်များ ရှာဖွေရန်၊ သင်၏ဝါသနာများကို လိုက်စားရန်နှင့် မိတ်ဆွေဖွဲ့ရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်။ အစီအစဉ်အမျိုးမျိုးနှင့် သင်ပါဝင်နိုင်ရန် ကူညီပေးမည့် အရင်းအမြစ်များစွာ ရှိပါသည်။

သင်၏ ပြည်နယ်သို့မဟုတ် နယ်မြေအတွင်း ရရှိနိုင်သည်များကိုရှာဖွေပါ

သင့်ပြည်နယ် သို့မဟုတ် နယ်မြေတွင် ရရှိနိုင်သည်များကို အင်္ဂလိပ်ဘာသာဖြင့် ရှာဖွေရန် အောက်ပါ မြေပုံ သို့မဟုတ် ခလုတ်များကို အသုံးပြုပါ။

9.3 အားလပ်ရက်များနှင့်အပြင်ထွက်လည်ခြင်းများ 

ခရီးထွက်ခြင်းနှင့် အပြင်ထွက်လည်ခြင်းအတွက် ရွေးချယ်စရာများစွာရှိပါသည်။ နေရာများစွာတွင် မသန်စွမ်းသူများအတွက် အဆင်ပြေသော နေရာထိုင်ခင်းများနှင့် လည်ပတ်ရန်နေရာများ ရှိပါသည်။ သင့်အား အားလပ်ရက် သို့မဟုတ် တစ်ရက်တာ အပြင်ထွက်ခြင်းကို စီစဉ်ရာတွင် ကူညီပေးနိုင်သည့် အဖွဲ့အစည်းများလည်း ရှိပါသည်။

သင်၏ ပြည်နယ်သို့မဟုတ် နယ်မြေအတွင်း ရရှိနိုင်သည်များကိုရှာဖွေပါ

သင့်ပြည်နယ် သို့မဟုတ် နယ်မြေတွင် ရရှိနိုင်သည်များကို အင်္ဂလိပ်ဘာသာဖြင့် ရှာဖွေရန် ဤနေရာရှိ မြေပုံ သို့မဟုတ် ခလုတ်များကို အသုံးပြုပါ။

9.4 လူမှုဘဝ 

လူမှုရေးဆိုင်ရာ လှုပ်ရှားမှုများကို ပံ့ပိုးပေးသည့် အဖွဲ့အစည်းများအပြင် လူမှုရေးအဆက်အသွယ်များကို ထိန်းသိမ်းရန်နှင့် သင်၏လူမှုရေးစွမ်းရည်များကို မြှင့်တင်ရန် ကူညီပေးနိုင်သည့် အဖွဲ့အစည်းများကိုလည်း သင်ရှာဖွေနိုင်ပါသည်။

သင်၏ ပြည်နယ်သို့မဟုတ် နယ်မြေအတွင်း ရရှိနိုင်သည်များကိုရှာဖွေပါ

သင့်ပြည်နယ် သို့မဟုတ် နယ်မြေတွင် ရရှိနိုင်သည်များကို အင်္ဂလိပ်ဘာသာဖြင့် ရှာဖွေရန် ဤနေရာရှိ မြေပုံ သို့မဟုတ် ခလုတ်များကို အသုံးပြုပါ။