အိမ်ရာ / Housing

Downloads

သင်နှင့် သင့်တော်သည့် အိမ်ရာတခုရှာဖွေခြင်းသည် သင်၏လူမှုဖူလုံရေးအတွက် အရေးကြီးပါသည်။ ဩစတြေးလျတွင် သင့်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည့် အိမ်ရာအမျိုးအစားများစွာရှိပြီး ပြည်နယ်နှင့် နယ်မြေတိုင်းက အိမ်ရာဆိုင်ရာ အကြံဉာဏ်နှင့် အကူအညီများကို ပေးပါသည်။ သင့်အိမ်ကိုရှာဖွေရန် ရွေးချယ်စရာများကို ရှာဖွေပါ။

ဤကဏ္ဍတွင် ဝန်ဆောင်မှုများနှင့် အချက်အလက်များအတွက် လင့်ခ်များကို ပေးထားသည်-

အိမ်ရာအမျိုးအစားများ

လွတ်လပ်ပြီးအထောက်အကူပြု အိမ်ရာဆိုင်ရာ သင်၏ရွေးချယ်စရာများ

ငှားရမ်းမှုအထောက်အကူ

သင့်လိုအပ်ချက်အရအိမ်တစ်လုံးရှာဖွေခြင်း

သင်၏အိမ်ရာအခွင့်အရေး

သင့်မှာရှိသည့် အိမ်ရာအခွင့်အရေးများနှင့် ခွဲခြားဆက်ဆံမှုကို ကိုင်တွယ်ပုံ

4.1 အိမ်ရာအမျိုးအစားများ 

မသန်စွမ်းသူများအတွက် တစ်ဦးတည်း လွတ်လပ်စွာနေထိုင်နိုင်သည့် တန်ဖိုးသင့်အိမ်ရာမှသည်၊ လူမှုအိမ်ရာ သို့မဟုတ် အဖွဲ့လိုက်နေအိမ်များ၊ အထူးပြုအိမ်ရာများတွင် အခြားသူများနှင့်အတူ နေထိုင်ခြင်း စသည်ဖြင့် အမျိုးမျိုးသော အိမ်ရာအမျိုးအစားများ ရရှိနိုင်ပါသည်။ သင်၏ လိုအပ်ချက်များအပြင် သင်၏ ဘတ်ဂျက်နှင့် ကိုက်ညီသော အိမ်ကို ထည့်သွင်းစဉ်းစားနိုင်ပါသည်။

သင်၏ ပြည်နယ်သို့မဟုတ် နယ်မြေအတွင်း ရရှိနိုင်သည်များကိုရှာဖွေပါ

သင့်ပြည်နယ် သို့မဟုတ် နယ်မြေတွင် ရရှိနိုင်သည်များကို အင်္ဂလိပ်ဘာသာဖြင့် ရှာဖွေရန် ဤနေရာရှိ မြေပုံ သို့မဟုတ် ခလုတ်များကို အသုံးပြုပါ။

4.2 ငှားရမ်းမှုအကူအညီ 

ပုဂ္ဂလိကအိမ်ငှားဈေးကွက်တွင် သင့်အတွက်ရရှိနိုင်သော ငှားရမ်းမှုအကူအညီအမျိုးအစားအမျိုးမျိုး ရှိပါသည်။ သင်၏ စဘော်ငွေ(bond) သို့မဟုတ် အိမ်ငှားခ ပေးဆောင်ရန်အတွက် သင်၏ ပြည်နယ် သို့မဟုတ် နယ်မြေအစိုးရထံမှ အကူအညီ ရရှိနိုင်ပါသည်။ ရရှိနိုင်သော အကူအညီအမျိုးအစားများနှင့် သင်၏အကျုံးဝင်မှုတို့ကို သင့်ပြည်နယ် သို့မဟုတ် နယ်မြေအစိုးရနှင့် စစ်ဆေးရန် လိုအပ်ပါသည်။

သင်၏ပြည်နယ် သို့မဟုတ် နယ်မြေအတွင်း ရရှိနိုင်သည်များကို ရှာဖွေပါ

သင့်ပြည်နယ် သို့မဟုတ် နယ်မြေတွင် ရရှိနိုင်သည်များကို အင်္ဂလိပ်ဘာသာဖြင့် ရှာဖွေရန် ဤနေရာရှိ မြေပုံ သို့မဟုတ် ခလုတ်များကို အသုံးပြုပါ။

4.3 သင်၏အိမ်ရာအခွင့်အရေးများ 

သင့်အခွင့်အရေးများကို နားလည်ထားခြင်းက သင့်အိမ်ရာလိုအပ်ချက်များနှင့်ပတ်သက်၍ ခွဲခြားဆက်ဆံခြင်း မခံရစေဖို့ သေချာစေရန် ကူညီပေးနိုင်ပါသည်။ သင့်အိမ်ရာနှင့်ပတ်သက်၍ ပြဿနာတစ်စုံတစ်ရာ ရှိနေပါက အိမ်ရာပံ့ပိုးသူနှင့် ဆွေးနွေးညှိနှိုင်းရန် အကျိုးဆောင်ဝန်ဆောင်မှုကို အသုံးပြုနိုင်ပါသည်။

သင်၏ပြည်နယ် သို့မဟုတ် နယ်မြေအတွင်း ရရှိနိုင်သည်များကို ရှာဖွေပါ

သင့်ပြည်နယ် သို့မဟုတ် နယ်မြေတွင် ရရှိနိုင်သည်များကို အင်္ဂလိပ်ဘာသာဖြင့် ရှာဖွေရန် ဤနေရာရှိ မြေပုံ သို့မဟုတ် ခလုတ်များကို အသုံးပြုပါ။