သယ်ယူပို့ဆောင်ရေး / Transport

Downloads

သင့်တွင် လှုပ်ရှားသွားလာရန် အခက်အခဲတစ်စုံတစ်ရာရှိပါက ဟိုမှဒီမှသွားလာရေးသည် စိန်ခေါ်မှုတစ်ရပ်ဖြစ်နိုင်ပါသည်။ သင်ရောက်ရှိလိုသောနေရာသို့ သွားရောက်နိုင်ရန် အထောက်အကူပြုနိုင်သည့် နည်းလမ်းများစွာသင့်အတွက်ရှိပါသည်။ ဩစတြေးလျဖက်ဒရယ်အစိုးရနှင့် ပြည်နယ်အစိုးရများက လမ်းပန်းဆက်သွယ်ရေးကဏ္ဍအချို့ကိုငွေကြေးထောက်ပံ့မှုများ ပြုလုပ်ပေးထားပါသည်။

ဤကဏ္ဍတွင် ဝန်ဆောင်မှုများနှင့် အချက်အလက်များအတွက် လင့်ခ်များကို ပေးထားသည်-

အများပြည်သူသယ်ယူပို့ဆောင်ရေး

ဘတ်စ်ကား၊ ရထား၊ ဓာတ်ရထားနှင့် ကူးတို့ယာဉ်များအတွက် လျှော့ဈေးနှင့် အထောက်အပံ့များ

လူမှုအသိုင်းအဝိုင်း၏သယ်ယူပို့ဆောင်ရေး

ရပ်ရွာအဖွဲ့များကပံ့ပိုးသောဒေသတွင်းခရီးများ

အငှားယဉ်များနှင့်အတူတကွစီးနင်းအသုံးပြုသည့်ယဉ်ဝန်ဆောင်မှုများ

သင့်ဒေသရှိ အစိုးရထောက်ပံ့ငွေဖြင့် လည်ပတ်သော အငှားယဉ်စီမံချက်များနှင့် ဝန်ဆောင်မှုများ

သင့်ကိုယ်ပိုင်ကားကိုမောင်းနှင်ခြင်းနှင့်ရပ်နားထားခြင်း

ယဉ်မောင်းလိုင်စင်နှင့်မသန်စွမ်းကားရပ်နားရာနေရာခွင့်ပြုမိန့်ရယူခြင်း

ဆေးရုံ/ဆေးခန်းသွားလာရန်အတွက် သယ်ယူပို့ဆောင်ရေးအစီအစဉ်များနှင့်ပတ်သက်သည့် အချက်အလက်များကို ကျန်းမာရေးနှင့်လူမှုဖူလုံရေး ကဏ္ဍတွင်လည်းဖတ်ရှုနိုင်ပါသည်။

5.1 အများပြည်သူသယ်ယူပို့ဆောင်ရေး 

အများသုံးယာဉ်များရထား၊ဓာတ်ရထား၊ ဘတ်စ်ကားနှင့် ကူးတို့ယဉ်များကဲ့သို့သော မတူညီသည့် သယ်ယူပို့ဆောင်ရေးနည်းလမ်းများစွာ ရှိပါသည်။ အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်ကို အသုံးပြုရန် လိုအပ်ပါက၊သင့်ခရီးစဉ်ကို လွယ်ကူချောမွေ့စွာ သွားလာနိုင်ရန်အတွက် ငွေကြေးအထောက်အပံ့နှင့် ဝန်ဆောင်မှုများ ရရှိနိုင်ပါသည်။

သင်၏ ပြည်နယ်သို့မဟုတ် နယ်မြေအတွင်း ရရှိနိုင်သည်များကိုရှာဖွေပါ

သင့်ပြည်နယ် သို့မဟုတ် နယ်မြေအတွင်း ရရှိနိုင်သည်များကို အင်္ဂလိပ်ဘာသာဖြင့် ရှာဖွေရန်၊ဒီနေရာရှိ မြေပုံသို့မဟုတ်ခလုပ်များကိုအသုံးပြုပါ

5.2 လူမှုအသိုင်းအဝိုင်းသယ်ယူပို့ဆောင်ရေး 

အခြားသယ်ယူပို့ဆောင်ရေးနည်းလမ်းများကသင့်အိမ်မှပုံမှန်ရပ်ရွာအခြေပြုနေရာများသို့သွားလာရန်ကူညီနိုင်ပါသည်။ ဤဝန်ဆောင်မှုများတွင် ဈေးဝယ်စင်တာ (သို့) ဆေးခန်းကဲ့သို့သော ရပ်ရွာအသုံးပြုနေရာများသို့ သွားလာရန် ပါဝင်နိုင်ပါသည်။ ဈေးနည်းသော သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုများကို အများအားဖြင့် ရပ်ရွာဗဟိုဌာနများ (သို့) ပြည်နယ်နှင့် ဒေသဆိုင်ရာအစိုးရများမှ ပံ့ပိုးပေးလေ့ရှိပါသည်။

သင်၏ ပြည်နယ်သို့မဟုတ် နယ်မြေအတွင်း ရရှိနိုင်သည်များကိုရှာဖွေပါ

သင့်ပြည်နယ် သို့မဟုတ် နယ်မြေတွင် ရရှိနိုင်သည်များကို အင်္ဂလိပ်ဘာသာဖြင့် ရှာဖွေရန် ဤနေရာရှိ မြေပုံ သို့မဟုတ် ခလုတ်များကို အသုံးပြုပါ။

5.3 အငှားယဉ်များနှင့်အတူတကွစီးနင်းအသုံးပြုသည့်ယဉ်ဝန်ဆောင်မှုများ 

ပြည်နယ်နှင့်နယ်မြေအားလုံးမှာဘီးတပ်ကုလားထိုင်နှင့်စီးနင်းနိုင်သောအငှားယဉ်ဝန်ဆောင်မှု (WATs)ရှိပါသည်။ အငှားယဉ်တစီးငှားရမ်းသည့်အခါ,သင်လိုအပ်ပါက WAT ပါကြောင်းသေခြာမေးမြန်းပါ။ သင့်ပြည်နယ် (သို့) နယ်မြေအစိုးရထံမှလည်း ဈေးပိုသက်သာသော ခရီးသွားလက်မှတ်များနှင့် ပတ်သက်၍ စုံစမ်းမေးမြန်းနိုင်ပါသည်။ မသန်စွမ်းသူများအတွက် အငှားယဉ်ကုန်ကျစရိတ်၏ တစ်စိတ်တစ်ပိုင်းကို ပြည်နယ် သို့မဟုတ် နယ်မြေအစိုးရအများစုက ကာမိပေးပါလိမ့်မည်။

သင်၏ ပြည်နယ်သို့မဟုတ် နယ်မြေအတွင်း ရရှိနိုင်သည်များကိုရှာဖွေပါ

သင့်ပြည်နယ် သို့မဟုတ် နယ်မြေတွင် ရရှိနိုင်သည်များကို အင်္ဂလိပ်ဘာသာဖြင့် ရှာဖွေရန် ဤနေရာရှိ မြေပုံ သို့မဟုတ် ခလုတ်များကို အသုံးပြုပါ။

5.4 သင့်ကိုယ်ပိုင်ကားကိုမောင်းနှင်ခြင်းနှင့်ရပ်နားထားခြင်း 

ကိုယ်ပိုင်သယ်ယူပို့ဆောင်ရေး အကန့်အသတ်ရှိသော သို့မဟုတ် လုံးဝမရှိသော၊ သမားရိုးကျ အများပြည်သူသယ်ယူပို့ဆောင်ရေးကို အသုံးပြုရန် ခက်ခဲသောသူများအတွက် ဒေသန္တရကောင်စီအများစုသည် ရပ်ရွာသယ်ယူပို့ဆောင်ရေး (community transport) ဝန်ဆောင်မှုများကို ၎င်းတို့၏နေထိုင်သူများအတွက်ပံ့ပိုးပေးပါသည်။ သူတို့၏ရပ်ရွာသယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုအကြောင်းကိုသိရှိရန်သင့်ရဲ့ဒေသန္တရကောင်စီကိုဆက်သွယ်ပါ။

သင်၏ ပြည်နယ်သို့မဟုတ် နယ်မြေအတွင်း ရရှိနိုင်သည်များကိုရှာဖွေပါ

သင့်ပြည်နယ် သို့မဟုတ် နယ်မြေတွင် ရရှိနိုင်သည်များကို အင်္ဂလိပ်ဘာသာဖြင့် ရှာဖွေရန် ဤနေရာရှိ မြေပုံ သို့မဟုတ် ခလုတ်များကို အသုံးပြုပါ။