ပညာရေး / Education
Downloads
မသန်စွမ်းသော သင်ယူသူများသည် ၎င်းတို့၏ စွမ်းရည်နှင့် အရည်အချင်းများကို မြှင့်တင်ပေးမည့် ပညာရေးကို ရရှိနိုင်သောအခွင့်အရေးရှိပါသည်။ အရမ်းငယ်သောကလေးများ၊ ကျောင်းသားများနှင့် တက္ကသိုလ်ကျောင်းသားများအားလုံး ကောင်းမွန်သောပညာရေးမှ အကျိုးကျေးဇူးရရှိနိုင်ပါသည်။ ထို့အပြင် သင့်အသက်အရွယ် မည်သို့ပင်ရှိစေကာမူ ရေတိုသင်တန်းများကို လေ့လာနိုင်ပြီး သင်နှင့်ကိုက်ညီသော နောက်ထပ်ပညာရပ်များကိုလည်း ထည့်သွင်းစဉ်းစားနိုင်ပါသည်။
မသန်စွမ်းသော ကျောင်းသားများသည် မသန်စွမ်းသူမဟုတ်သော ကျောင်းသားများနှင့် အခြေခံတူညီစွာ ပညာရေးကို သင်ယူပိုင်ခွင့်နှင့် ပါဝင်ပိုင်ခွင့်ရှိပါသည်။ 2005 ခုနှစ် ပညာရေးအတွက် မသန်စွမ်းစံနှုန်းများအကြောင်းကိုပညာရေးဝန်ကြီးဌာနဝက်ဆိုဒ်တွင် ရှာဖွေပါ။
ဤကဏ္ဍတွင် ဝန်ဆောင်မှုများနှင့် အချက်အလက်များအတွက် လင့်ခ်များကို ပေးထားသည်-
အစောပိုင်းကလေးဘဝပညာရေးအတွက် သင့်လျော်သောရွေးချယ်စရာများ
မသန်စွမ်းသူများအတွက် သင့်လျော်သော သင်၏အခွင့်အရေးနှင့် ရွေးချယ်စရာများ
တက္ကသိုလ်နှင့် သက်မွေးဝမ်းကြောင်းသင်တန်းအစီအစဉ်များ
8.1 အစောပိုင်း ကလေးဘဝပညာရေး
မသန်စွမ်းသော ကလေးငယ်များသည် အိမ်တွင်၊ ကလေးထိန်းဌာနများတွင်၊ မူကြိုကျောင်းများတွင် သို့မဟုတ် မူလတန်းကျောင်းများတွင် အစောပိုင်းကလေးဘဝပညာရေးကို သင်ယူနိုင်ပါသည်။ အစောပိုင်း ကလေးဘဝပညာရေးသည် အချိန်ပြည့်ကျောင်းနေခြင်း မစတင်မီ တစ်နှစ်အလိုတွင် ဖြစ်ပေါ်ပါသည်။ မသန်စွမ်းမှု သို့မဟုတ် ဖွံ့ဖြိုးမှုဆိုင်ရာနှောင့်နှေးမှုရှိသော သင့်ကလေးအတွက် ပညာရေးအစကောင်းမွန်စေရန် ကူညီပေးမည့် အချက်အလက်နှင့် အထောက်အပံ့များ ရရှိနိုင်ပါသည်။
သင်၏ ပြည်နယ်သို့မဟုတ် နယ်မြေအတွင်း ရရှိနိုင်သည်များကိုရှာဖွေပါ
သင့်ပြည်နယ် သို့မဟုတ် နယ်မြေတွင် ရရှိနိုင်သည်များကို အင်္ဂလိပ်ဘာသာဖြင့် ရှာဖွေရန် ဤနေရာရှိ မြေပုံ သို့မဟုတ် ခလုတ်များကို အသုံးပြုပါ။
8.2 မူလတန်းနှင့်အထက်တန်းကျောင်း
ပုံမှန်ကျောင်းတက်ရောက်မှု စတင်သည်နှင့်တစ်ပြိုင်နက် မသန်စွမ်းသောကလေးများအတွက် ပေါင်းစည်းပါဝင်သည့်အသိုင်းအဝိုင်း၏ အစိတ်အပိုင်းတစ်ခုဖြစ်ရန်၊ စာသင်ခန်းလှုပ်ရှားမှုများတွင် ပါဝင်ရန်နှင့် ကောင်းမွန်သောဆက်ဆံရေးများ တည်ဆောက်ရန် အရေးကြီးပါသည်။
သင်၏ ပြည်နယ်သို့မဟုတ် နယ်မြေအတွင်း ရရှိနိုင်သည်များကိုရှာဖွေပါ
သင့်ပြည်နယ် သို့မဟုတ် နယ်မြေတွင် ရရှိနိုင်သည်များကို အင်္ဂလိပ်ဘာသာဖြင့် ရှာဖွေရန် ဤနေရာရှိ မြေပုံ သို့မဟုတ် ခလုတ်များကို အသုံးပြုပါ။
8.3 တက္ကသိုလ်ပညာရေး
သင်အထက်တန်းကျောင်းပြီးဆုံးသောအခါ နောက်ထပ်ပညာရပ်များ သို့မဟုတ် သင်တန်းများ ဆက်လက်တက်ရောက်နိုင်ပါသည်။ ဩစတေးလျအစိုးရနှင့် အခြားအာဏာပိုင်အဖွဲ့အစည်းများသည် မသန်စွမ်းလူငယ်များအတွက် နည်းဗျူဟာများ၊ ဝန်ဆောင်မှုများနှင့် အထောက်အပံ့များကို ပံ့ပိုးပေးပါသည်။ သင်၏ တက္ကသိုလ်အတွေ့အကြုံများကို အကျိုးအများဆုံးရအောင် ၎င်းတို့က ကူညီပေးပါမည်။
သင်၏ ပြည်နယ်သို့မဟုတ် နယ်မြေအတွင်း ရရှိနိုင်သည်များကိုရှာဖွေပါ
သင့်ပြည်နယ် သို့မဟုတ် နယ်မြေတွင် ရရှိနိုင်သည်များကို အင်္ဂလိပ်ဘာသာဖြင့် ရှာဖွေရန် ဤနေရာရှိ မြေပုံ သို့မဟုတ် ခလုတ်များကို အသုံးပြုပါ။