ကျွန်ုပ်တို့အကြောင်း / About us
Downloads
Disability Gateway သည် မသန်စွမ်းသူများ၊ ၎င်းတို့၏ မိသားစုများနှင့် ပြုစုစောင့်ရှောက်သူများအား ဩစတြေးလျတစ်ဝန်းရှိ ဝန်ဆောင်မှုများကို ရှာဖွေရာတွင်နှင့် ရယူသုံးစွဲရာတွင် ကူညီပေးပါသည်။
ဤစာမျက်နှာတွင်
Disability Gateway ဆိုသည်မှာအဘယ်နည်း။
Disability Gateway သည် မည်သူ့အတွက်နည်း။
Disability Gateway အကြောင်း တုံ့ပြန်ချက် (Feedback) မည်သို့ပေးရမည်နည်း။
Disability Gateway ကို မည်သို့ဆက်သွယ်ရမည်နည်း။
ဝန်ဆောင်မှုပေးသူများက ၎င်းတို့၏ ဝန်ဆောင်မှုကို မည်သို့စာရင်းသွင်းမည်နည်း။
Disability Gateway တွင် ပါဝင်ပတ်သက်သူများအတွက် လက်စွဲ
Disability Gateway နှင့်စပ်လျဉ်းသည့် ဆက်သွယ်ရေးထုတ်ကုန်များ
Disability Gateway အကြောင်းဘာသာပြန်ထားသည့်အချက်အလက်များ
အင်္ဂလိပ်ဘာသာစကားက ကျွန်ုပ်၏ပထမဘာသာစကားမဟုတ်ခဲ့လျှင် မည်သို့ဖြစ်မည်နည်း။
အင်္ဂလိပ်စကား နားလည်သော်လည်း ဖတ်ရန်အခက်အခဲရှိပါက မည်သို့ဖြစ်မည်နည်း။
ကျွန်ုပ်တွင် အကြား သို့မဟုတ် အပြောဆိုင်ရာ ချို့ယွင်းချက်တစ်ခုရှိပါက မည်သို့ဖြစ်မည်နည်း။
Disability Gateway ဆိုသည်မှာ အဘယ်နည်း။
Disability Gateway သည် -
- သက်ဆိုင်ရာအချက်အလက်များနှင့် ဝန်ဆောင်မှုများကို ရယူသုံးစွဲနိုင်ရန် ရှာဖွေမှု (navigation) ကို ပိုမိုကောင်းမွန်လာစေမည်ဖြစ်သည်
- ကျန်းမာရေး၊ အိမ်ရာ၊ အလုပ်အကိုင်၊ သယ်ယူပို့ဆောင်ရေးနှင့် နေ့စဉ်လူနေမှုဘဝစသည့် ကဏ္ဍပေါင်းစုံကို လွှမ်းခြုံထားမည်
- မသန်စွမ်းမှုဆိုင်ရာ အချက်အလက်များ၊ ဝန်ဆောင်မှုများနှင့် အစီအစဉ်များသို့ ညွှန်းဆိုမှုများအတွက် ဗဟိုအချက်အချာနေရာတစ်ခုအဖြစ် တည်ရှိမည်
Disability Gatewayဝက်ဆိုဒ်ကိုဩစတေးလျ အစိုးရမှ ထူထောင်ထားပါသည်။
Disability Gateway သည် မည်သူ့အတွက်နည်း။
Disability Gateway သည်မသန်စွမ်းသူများအားလုံး၊ ၎င်းတို့၏မိသားစုများနှင့်ကြည့်ရှုစောင့်ရှောက်သူများအတွက် ဖြစ်သည်။
Disability Gateway အကြောင်း တုံ့ပြန်ချက် (Feedback) မည်သို့ပေးရမည်နည်း။
ဝက်ဆိုဒ်ပေါ်ရှိတုံ့ပြန်ချက်ပေးသောလင့်ခ်မှတစ်ဆင့် သင်၏တုန့်ပြန်ချက်(Feedback)ကို အင်္ဂလိပ်ဘာသာဖြင့် ရေးထားခဲ့ပါ။
Disability Gateway ကို မည်သို့ဆက်သွယ်ရမည်နည်း။
Disability Gateway ဖုန်း 1800 643 787 သို့ ခေါ်ဆိုနိုင်သည် သို့မဟုတ် disabilitygateway@benevolent.org.au သို့ အီးမေးလ်ပို့နိုင်သည် သို့မဟုတ် ကျွန်ုပ်တို့ကိုဆက်သွယ်ပါပုံစံကို အင်္ဂလိပ်ဘာသာဖြင့် ဖြည့်စွက်နိုင်သည်။
ဝန်ဆောင်မှုပေးသူများက ၎င်းတို့၏ ဝန်ဆောင်မှုကို မည်သို့စာရင်းသွင်းမည်နည်း။
ဝန်ဆောင်မှုပေးသူများသည် Ask Izzyတွင် ဖောင်တင်သွင်းခြင်းဖြင့် ဝန်ဆောင်မှုတစ်ခုထည့်သွင်းရန်အတွက် စာရင်းသွင်းရန် တောင်းဆိုနိုင်သည်။
Disability Gateway တွင် ပါဝင်ပတ်သက်သူများအတွက် လက်စွဲ
Disability Gateway၏ အကျိုးခံစားခွင့်များနှင့်စပ်လျဉ်း၍ ဆက်သွယ်ရန် ကျွန်ုပ်တို့ကိုကူညီပါ ထို့အပြင် မသန်စွမ်းသူများ၊ ၎င်းတို့၏ မိသားစုများနှင့် ပြုစုစောင့်ရှောက်သူများအား ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ကြည့်ရှုရန်နှင့် ၎င်းတို့၏ အကြံပြုချက်များ ပေးပို့ရန် တိုက်တွန်းအားပေးပါ။ Disability Gatewayတွင်ပါဝင်ပတ်သက်သူများ လမ်းညွှန်တိုက်တွန်းချက်တွင်သင်၏ကွန်ယက်များအတွင်း မျှဝေရန်အချက်အလက်များရှိပါသည်။
ဤအချက်အလက်များသည် အင်္ဂလိပ်ဘာသာဖြင့် ဖြစ်ပါသည်။
Disability Gatewayအကြောင်းအချက်အလက်များကို ဒေါင်းလုပ်လုပ်နိုင်ပါသည်။
- Disability Gatewayကို မည်သို့အသုံးပြုနိုင်သနည်း
- ပိုစတာများ
- အချက်အလက်လက်ကမ်းစာဆောင်များ
- ဖြစ်ရပ်မှန်လေ့လာမှုများ
Disability Gatewayအကြောင်း ဘာသာပြန်ထားသော အချက်အလက်များရနိုင်ပါသည်။
အင်္ဂလိပ်ဘာသာစကားက ကျွန်ုပ်၏ပထမဘာသာစကားမဟုတ်ခဲ့လျှင် မည်သို့ဖြစ်မည်နည်း။
Disability Gateway ဝက်ဘ်စာမျက်နှာများကို ဖော်ပြထားသည့် ဘာသာစကားများအပြင် အခြားဘာသာစကားများဖြင့် ဘာသာပြန်ဆိုလိုပါက ဘာသာပြန်နှင့်စကားပြန်ဝန်ဆောင်မှု
ဖုန်း 13 14 50 သို့ ခေါ်ဆိုနိုင်ပါသည်။ အဆိုပါဝန်ဆောင်မှုက ဘာသာစကားပေါင်း 100ကျော်ကို ဘာသာပြန်နိုင်သည့်အပြင် တစ်ပတ်လျှင် 7 ရက်၊ တစ်ရက်တွင် 24 နာရီ ရရှိနိုင်ပါသည်။
မသန်စွမ်းမှုဆိုင်ရာ အချက်အလက်များကို အခြားဘာသာစကားများဖြင့် ရယူလိုပါက MiAccess သည် မိခင်ဘာသာစကား အင်္ဂလိပ်စကားမဟုတ်သူများအတွက် NDIS (အမျိုးသားမသန်စွမ်း အာမခံအစီအစဉ်) ကို ရယူသုံးစွဲနိုင်ရန် ကူညီပံ့ပိုးပေးနိုင်ပါသည်။
အချက်အလက်များ ပိုမိုသိရှိရန် MiAccess သို့ သွားရောက်ပါ။
အင်္ဂလိပ်စကား နားလည်သော်လည်း ဖတ်ရန်အခက်အခဲရှိပါက မည်သို့ဖြစ်မည်နည်း။
အကယ်၍ Disability Gateway ရှိ အချက်အလက်များကို နားဆင်လိုပါက၊ ရေးသားထားသော စာသားကို အသံသို့ အလိုအလျောက်ပြောင်းလဲပေးသည့် Readspeaker ကို အသုံးပြုနိုင်ပါသည်။ မည်သည့်စာမျက်နှာတွင်မဆို 'နားထောင်ရန်' ခလုတ်ကို နှိပ်ပါက သင့်အား အသံထွက်ဖတ်ပြပါလိမ့်မည်။
ကျွန်ုပ်တွင် အကြား သို့မဟုတ် အပြောဆိုင်ရာ ချို့ယွင်းချက်တစ်ခုရှိပါက မည်သို့ဖြစ်မည်နည်း။
ဤဝက်ဘ်ဆိုက်နှင့်ပတ်သက်၍ တစ်စုံတစ်ဦးနှင့် စကားပြောဆိုရန် လိုအပ်ပါက ဝန်ဆောင်မှုအား သင်အသုံးပြုလိုပုံကို ရွေးချယ်ရန်သို့ ဝင်ရောက်ခြင်းဖြင့် National Relay Service မှတစ်ဆင့် Disability Gateway ကိုဆက်သွယ်နိုင်ပါသည်။ ဝ
Disability Gateway ရှိ ဌာနေတိုင်းရင်းသားပုံများ
Disability Gateway တွင် Marcus Lee မှ ဒီဇိုင်းထုတ်ထားသော ဌာနေတိုင်းရင်းသား ပုံရိပ်များကို အသိအမှတ်ပြုလိုပါသည်။ မားကပ်စ်သည် ပြီးခဲ့သည့် နှစ် 30 ကျော်ကာလအတွင်း သန်းပေါင်းများစွာသော ဩစတြေးလျနိုင်ငံသားများအကြိုက်တွေ့နိုင်ခဲ့သည့် လက်ရာများ ဖန်တီးခဲ့သော ထူးချွန်သည့် ဒီဇိုင်နာတစ်ဦး ဖြစ်ပါသည်။ Darwin NT တွင် မွေးဖွားကြီးပြင်းခဲ့သော မားကပ်စ်သည် Karajarri လူမျိုး၏ အဆက်အနွယ်ဖြစ်ပြီး ၎င်း၏အဘိုရီဂျင်း ဌာနေတိုင်းရင်းသား အမွေအနှစ်ကို ဂုဏ်ယူပါသည်။ Disability Gateway အတွက် Marcus၏ဒီဇိုင်းများသည် စာမျက်နှာတိုင်း၏ အပေါ်နှင့်အောက်ခြေတွင် ရှိပြီး၊ ၎င်းသည် ဌာနေတိုင်းရင်းသားများနှင့် တောရက်စ် ရေလက်ကြားကျွန်းသားများအတွက် ၎င်းတို့၏ ဒေသနှင့် လူမှုအသိုက်အဝန်းအား ချိတ်ဆက်မှုကိုလည်းကောင်း၊ Disability Gateway ဝန်ဆောင်မှုများကို ရယူသုံးစွဲနိုင်မှုကိုလည်းကောင်း ပုံဆောင်ဖော်ပြပါသည်။ စက်ဝိုင်းကွင်းများသည် နိုင်ငံတစ်ဝန်းသို့ စီးဆင်းလျက်ရှိပြီး မသန်စွမ်းသူများ၊ ၎င်းတို့၏ မိသားစုများနှင့် ပြုစုစောင့်ရှောက်သူအားလုံးအတွက် ဩစတြေးလျတစ်ဝန်း အကူအညီများ ရရှိစေသည်