ကျန်းမာရေးနှင့်လူမှုဖူလုံရေး / Health and wellbeing

Downloads

သင်၏ကျန်းမာရေးနှင့်လူမှုဖူလုံရေးကို ထိမ်းသိမ်းခြင်းသည်လူတိုင်းအတွက်အရေးကြီးပါသည်။ ၎င်းတွင် စိတ်ကျန်းမာရေးလည်းပါဝင်ပါသည်။ သင်ကျန်းမာရေးကောင်းမွန်ပြီး ကောင်းစွာနေထိုင်နိုင်ရန်အတွက် လိုအပ်သောစောင့်ရှောက်မှုများ ရရှိစေနိုင်ရန် ကျန်းမာရေးနှင့် အထောက်အကူပြုဝန်ဆောင်မှုများစွာရှိပါသည်။

COVID-19

COVID-19 အကြောင်း ကာကွယ်ဆေး သတင်းအချက်အလက်နှင့် အထောက်အပံ့များ ဤနေရာတွင် ရရှိနိုင်ပါသည်။

ကျန်းမာရေးနှင့်တကိုယ်ရေစောင့်ရှောက်မှု

ကျန်းမာစွာနေထိုင်ရန်အတွက် အကြံပြုချက်များနှင့်ကိရိယာများ

စိတ်ကျန်းမာရေးနှင့်လူမှုဖူလုံရေး

သင်ကျော်လွှားဖြေရှင်းနိုင်ရန် အထောက်အပံ့ပြုဝန်ဆောင်မှုများနှင့် အက်ပ်များ

ကျန်းမာရေးဝန်ဆောင်မှုများ၊ဆရာဝန်များနှင့်အထူးကုများ

မသန်စွမ်းသူများအတွက် အထူးပြုလုပ်ဆောင်ပေးနိုင်သည့် ဝန်ဆောင်မှုများစွာရှိပါသည်

ကာလတိုအနားယူခြင်း

အရေးပေါ်နှင့်စီစဉ်ထားသော ကာလတိုစောင့်ရှောက်မှုရယူခြင်း

လိင်နှင့်လိင်စိတ်

လိင်နှင့် လိင်စိတ်အကြောင်းသတင်းအချက်အလက်များနှင့် LGBTIQA+ အသိုင်းအဝိုင်းအတွက် အထောက်အပံ့ဝန်ဆောင်မှုများ

6.1 ကျန်းမာရေးနှင့်တကိုယ်ရေစောင့်ရှောက်မှု

မသန်မစွမ်းဘဝမှာနေထိုင်ခြင်း၊ ကျန်းမာရေးနှင့်တကိုယ်ရေစောင့်ရှောက်မှုရယူရန်သင့်အနေနှင့်ပိုမိုသော ကူညီမှုလိုအပ်နိုင်ပါသည်။ သင်၏ ကိုယ်ကာယကျန်းမာရေး သို့မဟုတ် တကိုယ်ရေစောင့်ရှောက်မှုလိုအပ်ချက်များအတွက် ကူညီနိုင်သောအဖွဲ့အစည်းများရှိပါသည်။

သင်၏ ပြည်နယ်သို့မဟုတ် နယ်မြေအတွင်း ရရှိနိုင်သည်များကိုရှာဖွေပါ

သင့်ပြည်နယ် သို့မဟုတ် နယ်မြေတွင် ရရှိနိုင်သည်များကို အင်္ဂလိပ်ဘာသာဖြင့် ရှာဖွေရန် ဤနေရာရှိ မြေပုံ သို့မဟုတ် ခလုတ်များကို အသုံးပြုပါ။

6.2 စိတ်ကျန်းမာရေးနှင့်လူမှုဖူလုံရေး

အပြုသဘောဆောင်သည့် စိတ်ကျန်းမာရေးနှင့်လူမှုဖူလုံရေးသည် သင့်ဘဝ၏အရေးကြီးသော အစိတ်အပိုင်းတရပ်ဖြစ်ပါသည်။ သင်၏စိတ်ကျန်းမာရေးနှင့်လူမှုဖူလုံရေးအတွက် ကူညီနိုင်သော ဝန်ဆောင်မှုများနှင့်နည်းပညာများ ရရှိနိုင်ပါသည်။

သင်၏ ပြည်နယ်သို့မဟုတ် နယ်မြေအတွင်း ရရှိနိုင်သည်များကိုရှာဖွေပါ

သင့်ပြည်နယ် သို့မဟုတ် နယ်မြေတွင် ရရှိနိုင်သည်များကို အင်္ဂလိပ်ဘာသာဖြင့် ရှာဖွေရန် ဤနေရာရှိ မြေပုံ သို့မဟုတ် ခလုတ်များကို အသုံးပြုပါ။

6.3 ကျန်းမာရေးစောင့်ရှောက်မှုဝန်ဆောင်မှုများ၊ဆရာဝန်များနှင့်အထူးကုများ

ဆရာဝန်များ၊အထူးကုများနှင့်၊ကုသကျွမ်းကျင်ပညာရှင်များထံသို့ အခြားသူများထက် သင်ကပို၍သွားရောက်ရန် လိုကောင်းလိုပါလိမ့်မည်။ မသန်စွမ်းသူများအတွက် အထူးပြုလုပ်ဆောင်ပေးနိုင်သည့် ဝန်ဆောင်မှုများစွာ ရှိပါသည်။ သင့်ဒေသတွင် မရရှိနိုင်သော ကျန်းမာရေး စောင့်ရှောက်မှုဝန်ဆောင်မှုများအပါအဝင် ဝန်ဆောင်မှုများကို ရယူသုံးစွဲရာတွင်လည်း အကူအညီရယူနိုင်ပါသည်။

သင်၏ ပြည်နယ်သို့မဟုတ် နယ်မြေအတွင်း ရရှိနိုင်သည်များကိုရှာဖွေပါ

သင့်ပြည်နယ် သို့မဟုတ် နယ်မြေတွင် ရရှိနိုင်သည်များကို အင်္ဂလိပ်ဘာသာဖြင့် ရှာဖွေရန် ဤနေရာရှိ မြေပုံ သို့မဟုတ် ခလုတ်များကို အသုံးပြုပါ။

6.4 ကာလတိုအနားယူခြင်း

ကြည့်ရှုစောင့်ရှောက်သူများအတွက် ကာလတိုအနားယူခြင်း ဝန်ဆောင်မှုပေးသည့်အဖွဲ့အစည်းများစွာ ရှိပါသည်။ သင် သို့မဟုတ် သင်၏ကြည့်ရှုစောင့်ရှောက်သူသည် ရုတ်တရက် ဖျားနာလျှင် သို့မဟုတ် အကူအညီပေးရန်မတတ်နိုင်လျှင်၊ အရေးပေါ်အနေနှင့် ကာလတိုအနားယူခြင်းတရပ် သင်လိုကောင်းလိုပါလိမ့်မည်။

သင်၏ ပြည်နယ်သို့မဟုတ် နယ်မြေအတွင်း ရရှိနိုင်သည်များကိုရှာဖွေပါ

သင့်ပြည်နယ် သို့မဟုတ် နယ်မြေတွင် ရရှိနိုင်သည်များကို အင်္ဂလိပ်ဘာသာဖြင့် ရှာဖွေရန် ဤနေရာရှိ မြေပုံ သို့မဟုတ် ခလုတ်များကို အသုံးပြုပါ။

6.5 လိင်နှင့်လိင်စိတ်

မတူကွဲပြားသော လိင်နှင့် လိင်စိတ်ကွဲပြားသူများအတွက် သတင်းအချက်အလက်များနှင့် ပံ့ပိုးမှု။

သင်၏ ပြည်နယ်သို့မဟုတ် နယ်မြေအတွင်း ရရှိနိုင်သည်များကိုရှာဖွေပါ

သင့်ပြည်နယ် သို့မဟုတ် နယ်မြေတွင် ရရှိနိုင်သည်များကို အင်္ဂလိပ်ဘာသာဖြင့် ရှာဖွေရန် ဤနေရာရှိ မြေပုံ သို့မဟုတ် ခလုတ်များကို အသုံးပြုပါ။