အခွင့်အရေးနှင့်ဥပဒေ / Rights and legal

Downloads

တန်းတူညီမျှစွာနှင့် တရားမျှတစွာ ဆက်ဆံခံရခြင်းသည် သင့်အခွင့်အရေးဖြစ်သည်။ သင့်အတွက် ပြောဆိုပေးနိုင်သော အကျိုးဆောင်အဖွဲ့အစည်းများ၊ ဥပဒေရေးရာ အကြံဉာဏ်နှင့် အချက်အလက်များဖြင့် ကူညီပေးမည့် ဥပဒေဝန်ဆောင်မှုများ နှင့် အနာဂတ်အတွက် စီစဉ်ရန် ကူညီပေးမည့် သတင်းအချက်အလက်များနှင့်အရင်းအမြစ်များ ရှိပါသည်။

ဤကဏ္ဍတွင် ဝန်ဆောင်မှုများနှင့် အချက်အလက်များအတွက် လင့်ခ်များကို ပေးထားသည်-

သင်၏အခွင့်အရေးများ

ဩစတေးလျနိုင်ငံသားတစ်ယောက်အနေနှင့်ရော မသန်စွမ်းသူတစ်ယောက်အနေနှင့်ပါ သင်၏အခွင့်အရေးများကိုနားလည်ခြင်း

ထောက်ခံပြောကြားမှု

သင်၏အခွင့်အရေးကိုနားလည်အောင်ကူညီပေးနိုင်သောအဖွဲ့အစည်းများ

ဥပဒေပိုင်းဝန်ဆောင်မှုများ

မသန်စွမ်းဥပဒေနှင့်ပတ်သက်ပြီးအထူးပြုသောဥပဒေအထောက်အကူပြုအဖွဲ့များနှင့်ဝန်ဆောင်မှုများ

အနာဂတ်အတွက်အစီအစဉ်ချခြင်း

အုပ်ထိမ်းမှု၊လုပ်ပိုင်ခွင့်လွှဲစာ၊ ကြိုတင်ပြုစုစောင့်ရှောက်မှု စီမံချက်နှင့် သေတမ်းစာများSweet,

10.1 သင်၏အခွင့်အရေးများ 

သင့်အခွင့်အရေးများတွင် တရားမျှတစွာ ဆက်ဆံခံရခြင်း၊ အခြားသူများကို တရားမျှတစွာ ဆက်ဆံခြင်းနှင့် ရွေးချယ်မှုများ ပြုလုပ်နိုင်ခြင်းစသည့် အခြေခံအခွင့်အရေးများ ပါဝင်ပါသည်။
သင့်အခွင့်အရေးများကို အသုံးပြုခြင်းမှ တစ်စုံတစ်ဦးက တားဆီးနေပါက သို့မဟုတ် သင့်ကို ခွဲခြားဆက်ဆံနေပါက ဥပဒေကြောင်းအရ တိုင်ကြားနိုင်သည် သို့မဟုတ် သင့်ကို ကူညီရန် အကျိုးဆောင်တစ်ဦး၏ အကူအညီကိုရယူနိုင်ပါသည်။

သင်၏ ပြည်နယ်သို့မဟုတ် နယ်မြေအတွင်း ရရှိနိုင်သည်များကိုရှာဖွေပါ

သင့်ပြည်နယ် သို့မဟုတ် နယ်မြေတွင် ရရှိနိုင်သည်များကို အင်္ဂလိပ်ဘာသာဖြင့် ရှာဖွေရန် ဤနေရာရှိ မြေပုံ သို့မဟုတ် ခလုတ်များကို အသုံးပြုပါ။

10.2 ထောက်ခံပြောကြားမှု 

မသန်စွမ်းသူများအတွက် အကျိုးဆောင်ခြင်းသည် လူတစ်ဦး၏ လူ့အခွင့်အရေးများကို မြှင့်တင်ပေးခြင်း၊ ကာကွယ်ပေးခြင်းနှင့် အထောက်အပံ့ပေးခြင်းဖြစ်သည်။ သင်ခွဲခြားဆက်ဆံခံရခြင်းမရှိအောင်နှင့် လေးလေးစားစား ညီမျှစွာဆက်ဆံခြင်းခံရဖို့သေခြာစေရန် အကျိုးဆောင်အဖွဲ့အစည်းများက သင့်ကို အထောက်အပံ့ပေးနိုင်ပါသည်။

သင့်ပြည်နယ် သို့မဟုတ် နယ်မြေရှိ မသန်စွမ်းသူများအတွက် အကျိုးဆောင်များကို ရှာဖွေနိုင်သည် သို့မဟုတ် Ask Izzy Disability Advocacy finder (Izzy မသန်စွမ်း အကျိုးဆောင်ရှာဖွေသူကို မေးပါ)ကို အသုံးပြုပါ။

သင်၏ ပြည်နယ်သို့မဟုတ် နယ်မြေအတွင်း ရရှိနိုင်သည်များကိုရှာဖွေပါ

သင့်ပြည်နယ် သို့မဟုတ် နယ်မြေတွင် ရရှိနိုင်သည်များကို အင်္ဂလိပ်ဘာသာဖြင့် ရှာဖွေရန် ဤနေရာရှိ မြေပုံ သို့မဟုတ် ခလုတ်များကို အသုံးပြုပါ။

10.3 ဥပဒေဝန်ဆောင်မှုများ 

အချို့အချိန်များတွင် ဥပဒေအကူအညီ သို့မဟုတ် အကြံဉာဏ်ကို သင်လိုအပ်နိုင်ပါသည်။ သင်သည် ဥပဒေအကူအညီပေးရေး (Legal Aid) သို့မဟုတ် အခြားကျွမ်းကျင်သော ဥပဒေဝန်ဆောင်မှုများမှ ဥပဒေအကြံဉာဏ်များ ရယူနိုင်ပြီး၊ အချို့သော ဥပဒေဝန်ဆောင်မှုများသည် မသန်စွမ်းမှုဆိုင်ရာ ကိစ္စရပ်များကို အထူးပြုပါသည်။

သင်၏ ပြည်နယ်သို့မဟုတ် နယ်မြေအတွင်း ရရှိနိုင်သည်များကိုရှာဖွေပါ

သင့်ပြည်နယ် သို့မဟုတ် နယ်မြေတွင် ရရှိနိုင်သည်များကို အင်္ဂလိပ်ဘာသာဖြင့် ရှာဖွေရန် ဤနေရာရှိ မြေပုံ သို့မဟုတ် ခလုတ်များကို အသုံးပြုပါ။

10.4 အနာဂတ်အတွက်အစီအစဉ်ချခြင်း 

အနာဂတ်စောင့်ရှောက်မှုအတွက် အစီအစဉ်ချမှတ်ခြင်းနှင့်ဆုံးဖြတ်ချက်ချခြင်းဆိုင်ရာ လိုအပ်ချက်များကို စီစဉ်ထားခြင်းသည်လည်း သင့်အတွက် အရေးကြီးနိုင်ပါသည်။

လူမှုဝန်ထမ်းဝန်ဆောင်မှုများဦးစီးဌာန

လူမှုဝန်ထမ်းဝန်ဆောင်မှုများဦးစီးဌာနတွင် အနာဂတ်အတွက် စီစဉ်ရာ၌ သင်ထည့်သွင်းစဉ်းစားသင့်သည့် အချက်များနှင့် ဥပဒေရေးရာနှင့် ငွေကြေးဆိုင်ရာ အကြံဉာဏ်များ ရယူနိုင်ပုံတို့ကို ဆွေးနွေးထားသည့် စာအုပ်ငယ်တစ်အုပ်ရှိပါသည်။

အနာဂတ်အတွက်အစီအစဉ်ချမှတ်ခြင်း-မသန်စွမ်းသူများ ကို ဖတ်ပါ

အနာဂတ်အတွက် စီစဉ်ရာတွင် သင့်ကို မည်သည့်အဖွဲ့အစည်းများက ကူညီနိုင်မည်ကို ကြည့်ပါ

အထူးမသန်စွမ်းမှုဆိုင်ရာ ယုံကြည်အပ်နှံစာချုပ်များ (special disability trusts) အကြောင်းကို ရှာဖွေပါ

သင်၏ ပြည်နယ်သို့မဟုတ် နယ်မြေအတွင်း ရရှိနိုင်သည်များကိုရှာဖွေပါ

သင့်ပြည်နယ် သို့မဟုတ် နယ်မြေတွင် ရရှိနိုင်သည်များကို အင်္ဂလိပ်ဘာသာဖြင့် ရှာဖွေရန် ဤနေရာရှိ မြေပုံ သို့မဟုတ် ခလုတ်များကို အသုံးပြုပါ။